Buy with OK Dollar
၁။
လူကြီးမင်းဝယ်ယူလိုသော prepaid card များကို ဝယ်ယူရန် www.prepaidcard.com.mm သို့သွားပါ။
၂။
လူကြီးမင်းဝယ်ယူလိုသော item အားရွေးချယ်ပြီိးပါက
Add to Cart button ကိုနှိပ်ပါ။

၃။
Cart Details page တွင် လူကြီိးမင်း
ရွေးချယ်ထားသော item အား အောက်ပါအတိုင်း
မြင်တွေ့ရမည်ဖြစ်သည်။
- အရေအတွက် တိုးလိုပါက Plus
(+) button ကိုနှိပ်ပါ။
- အရေအတွက် လျှော့လိုပါက Minus
(-) button ကိုနှိပ်ပါ။
- ပယ်ဖျက်လိုပါက Remove
button ကိုနှိပ်ပါ။
- အမျိုးအစားမတူသော item
များ ထပ်မံဝယ်ယူလိုပါက Continue Shopping (သို့မဟုတ်) Home (သို့မဟုတ်) ဘယ်ဘက်ရှိ Card အမျိုးအစားများအား ရွေးချယ်ကာ
ဝယ်ယူနိုင်ပါသည်။
- ထို့နောက်
Next button ကိုနှိပ်ပါ။

၄။
Checkout page အား အောက်ပါအတိုင်း
မြင်တွေ့ရမည်ဖြစ်သည်။
- Coupon code ရှိပါက "Enter
your coupon code" နေရာတွင် ထည့်သွင်းပါ။
- ထို့နောက်
Next button ကိုနှိပ်ပါ။

၅။
Delivery Information page အား
အောက်ပါအတိုင်း မြင်တွေ့ရမည်ဖြစ်သည်။
- Prepaid Card website တွင် account ဖွင့်ထားသော Email သို့ order ပေးပို့စေလိုပါက Delivery to my account registered email ကိုရွေးပါ။
- မိတ်ဆွေ (သို့မဟုတ်) မိမိချစ်ခင်ရသူများသို့ လက်ဆောင် (Gift
Card) အနေဖြင့်ပေးပို့လိုပါက Delivery to my other
email ကို ရွေးချယ်ပါ။
- ဖုန်းနံပါတ် သို့ PIN
code ပေးပို့စေလိုပါက Delivery to my mobile SMS ကို ရွေးချယ်ပါ။
- ထို့နောက်
Next button ကိုနှိပ်ပါ။

၆။
OK Dollar အားရွေးချယ်ပါ။ ထို့နောက်
Next button ကိုနှိပ်ပါ။

၇။
Order Confirmation page အား
အောက်ပါအတိုင်း မြင်တွေ့ရမည်ဖြစ်သည်။
- ထည့်သွင်းထားသော အချက်အလက်များ
မှန်ကန်စေရန် နောက်ဆုံးအကြိမ် ထပ်မံစစ်ဆေးပါ။
- အချက်အလက်များ မှန်ကန်ပြီိဆိုပါက
I agree Terms Of Service and Privacy Policy အား အမှန်ခြစ်ခြစ်ပါ။
- ထို့နောက် Payment
Now button ကိုနှိပ်ပါ။

၈။
OK Dollar Payment Gateway
ကျလာလျှင် Yes, I Understand ကိုနှိပ်ပါ။

၉။
ထို့နောက် အောက်ပါအချက်အလက်များ ဖြည့်သွင်းရပါမည်။
- Remarks တွင် အထူးမှာကြားလိုသောအကြောင်းအရာ ဖြည့်ပါ။
- To Get Receipt by Email တွင် ပြေစာရယူလိုသော Email အားဖြည့်ပါ။
- OK$ Account Number တွင် register လုပ်ထားသော OK Dollar account ၏ ဖုန်းနံပါတ်အား ဖြည့်ပါ။
- ထို့နောက် password ဖြည့်ပါ။
- အချက်အလက်အားလုံး မှန်ကန်စွာဖြည့်သွင်းပြီးပါက Login ကိုနှိပ်ပါ။

၁၀။
ထို့နောက် OTP code ပါဝင်သော SMS တစ်စောင်လက်ခံရရှိပါမည်။

၁၁။
၎င်း OTP code အားဖြည့်သွင်းပါ။

၁၂။
ယခု page ပေါ်လာလျှင် (သို့မဟုတ်) OK Dollar mobile application မှ notification လက်ခံရရှိပါက ငွေပေးချေမှုအောင်မြင်ပါသည်။
(Notification မတွေ့ပါက OK Dollar mobile application ၏ အမှာစာ စာမျက်နှာတွင်ကြည့်ပါ။)


၁၃။
ငွေပေးချေမှုအောင်မြင်ပါက System မှ
လူကြီးမင်းမှာယူထားသော အော်ဒါအား Email (သို့မဟုတ်)
SMS သို့ အလိုအလျောက်ပို့ပေးပါမည်။
(Inbox တွင်
Email မတွေ့ပါက Spam folder တွင်ကြည့်ပါ။)
